အာဘန်းတစ်ယောက် မိုဘိုင်းဖုန်း အသစ်တစ်လုံးဝယ်လိုက်ပါတယ်။
ပြီးတော့သူ့ရဲ့ဖုန်းထဲမှာမှတ်ထားတဲ့ သူတွေအားလုံးဆီကို Message
ပို့လိုက်ပါတယ်။
"ကျွန်တော့် ဖုန်းနံပါတ်ပြောင်းသွားပါပြီ။ အရင်က Nokia 3310 ပါ။
အခုတော့6610 ဖြစ်သွားပါပြီ။"
Monday, February 2, 2009
ရယ်စရာလေးများ
၂၀၀၉ ခုနှစ် ၁၀ တန်း မြန်မာစာ မေးခွန်းလွှာ
၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။
အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊
နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။
(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို
အသုံးပြုပါ။
နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။
(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။
အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။
၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို
ဆရာမလစ်မှခိုးချပါ။
အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊
မနည်းဘူးဟ၊ မခံနိုင်ဘူး။
(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော
စာရွက်အချို့မှခိုးချပါ။
ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊
အိမ်ကိုပြန်ခဲ့တော့။
(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာ
များတွင်မည်သို့သုံးထားကြောင်း နှင့်
အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှ ချုံ့လာသော
စာရွက်ဖြင့် ကူးဖြေပါ။
ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊
ဆင်နင်းမြင်းကန် (ရူပက)၊
လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊
ပိုးပြောင်ကြီးပုဆိုး ပေါက်သကဲ့သို့ (ဥပမာ)။
၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။
(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။
(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။
(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။
(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။
(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား
ပျော့ပြောင်းပုံကို ဖော်ပြပါ။
(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။
(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ"
စာသား၏အဓိပ္ပါယ်ကို ရေးပါ။
(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး
ကောင်းမြတ်၏ခံစားချက်ကိုရေးပါ။
၎။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။
"အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်" ကဗျာ၏
အဓိပ္ပါယ်ကှို စာစစ်အဖွဲ့အကြိုက်တွေ့အောင်
ဖြီးဖြန်းရေးသားပါ။
(သို့)
"ရင်ထဲမှာ ဘာညာဘာညာ" ကဗျာမှ ခံစားရသော ရသကို ရေးပါ။
(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။
(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို
ဖော်ပြပါ။
(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို
ဖော်ပြပါ။
(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။
(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို
ဖော်ပြပါ။
(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။
(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။
(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုက
ိုဖော်ပြပါ။
(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။
သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊
သူ့ကိုယ်သူ သက်မွန်မြင့်နှင့်တူပုံ၊
ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။
(သို့)
"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင်
ရေးသားပါ။
၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။
ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…
"သန်း"၊ အချိန်မတော်၊
ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။
(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။
ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။
(သို့)
"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပ
ုံတို့ကိုစိတ်ဝင်စားဖွယ်ဖြေဆိုပါ။
ရယ်စရာလေးများ
သားအမိသုံးယောက်စားကြတဲ့ လက်ဆုံထမင်းဝိုင်းလေးမှာပေါ့…
ထမင်းစားကြရင်းနဲ့ ယောင်္ကျားဖြစ်သူနဲ့ မိန်းမဖြစ်သူတို့ လက်
ဆုံကြတဲ့အခါယောင်္ကျားဖြစ်သူက "ဟ.. ဒီနေ့တော့ လက်ဆုံနေတရ်..
ဧည့်သည်လာမယ်ထင်တယ်..မိန်းမရေး"
လို့ပြောတော့ သားဖြစ်သူက " လက်ဆုံမှာပေါ့.. အမေတို့က ဟင်း
တစ်မျိုးတည်းချက်တာကို "တဲ့.
အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတယ်…
အမြဲတမ်းသူ့ကိုဦးစားပေးတယ်…သူက သားဦးကို… နောက်တော့
သူလည်းညီလေးတစ်ယောက်
ထပ်ရလာပါရော..
အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေး
ပေးတော့တယ်…တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံ
ရသွားတယ်…ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေ
အိပ်ပျော်နေတုန်းသူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တယ်…
အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင်
သေသွားရောဗျာ..
ရယ်စရာလေးများ
စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက်
မိတ်ဆုံစားပွဲတစ်ခုပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာ
အားလုံးစုထိုင်စေပြီးပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထား
ပေးလေသည်..ဆရာဝန်ကြီးက
" ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့်
ပန်းကန်အားအသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား
ကြည့်နေလေသည်။ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ
်သွားပြီဟုဆိုကာအနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
တပည့်။ ။"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့
ရမှာလဲ"နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင်
တန်းစီစေပြီးငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို
မေးလေသည်။ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.
ရယ်စရာလေးများ
တစ်ခါတုန်းက...စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေ
ကြည့်ရှုစစ်ဆေးရန်ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင
်ခုံအားကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင
်မည်ဟုဆိုပြီးအသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက
်လေသည်." ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့
ရယ်စရာလေးများ
တစ်ခါက...သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
လူနာ=``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာ
ကိုကြောက်တယ်ဗျ..´´ဆရာဝန်=``ဟာ..ဒီအတွက်တော့ မပူနဲ့…
ကျွန်တော့မှ ရဲဆေးရှိတယ်ဗျ…´´ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်
လေသည်..ဆရာဝန်=``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွား
ပြီးမလား..´´လူနာ=``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´
ရယ်စရာလေးများ
တစ်ခါက..စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်
ထားသောသစ်ပင်များရေမလောင်းရသည်မှာ အတော်ကြာနေ
ပြီဖြစ်သဖြင့်ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေး..မင်းပြောမှဘဲသတိရတော့တယ်…
ငါထီးယူဖို့မေ့နေတယ်.."