Monday, February 2, 2009

မြေးနဲ့စားမှာ...

တစ်ခါကရွာတစ်ရွာတွင်

အလွန်နုံသော

ဦးနုံဆိုသော

လူတစ်ယောက်ရှိသည်။

တစ်နေ့ သူဟာမြို့ကို

သူ့မြေးနှင့်အတူဈေးဝယ်လာရင်း

ဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲကြော်

ဝင်စားကြသည်။

ဆိုင်ထဲရောက်သောအခါ

စာပွဲထိုးက

"ဦးကြီးက တူနဲ့စားမှာလား?"

ထိုအခါ-ဦးနုံကမကျေမနပ်နှင့်

ပြောလိုက်ပုံက—

"ငါက တူနဲ့ မစားဘူး

မြေးနဲ့စားမှာကွ"




ဆက်လက်ဖတ်ရှူရန်...

တော်လိုက်တာ….

စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ 
တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်း
ပါတယ်။ ဆရာဝန်ကတော့

လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထ
ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။
ဆရာဝန်က အရုးခေါင်းဆောင်ကို

ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။

"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ ဆရာ"
"ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး
ဆိုတာမသိဘူးလား..သွားစမ်း"

"ဟုတ်ကဲပါဆရာ"

အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ
တော့ဘာသံမှ မကြားရတော့။ ဆရာဝန်သည်သ
ဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်
ကိုလှမ်းခေါ်လိုက်သည်။

"မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ"
"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..
အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်
ပေးလိုက်တာ အခု
သူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "


ဆက်လက်ဖတ်ရှူရန်...

ပျော်ရွှင်ခြင်း

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ
သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွား
ခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး
လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမား
တစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့
"ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော်
ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့
ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီက

နေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။နောက်တစ်
နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့
လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့
အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့
လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက်
လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။
ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း
ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။
ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ?
ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ
ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက
ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။
တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ
အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို
ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့
အသက်ကိုယူပြီး နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက်
ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ
ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့
သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။
ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို
ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင်
ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေက
လည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ
တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ်
ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာ
လေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က
တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ
ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်
နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့
အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ
အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ....

နိုင်းနိုင်းစနေ ပျော်ရွှင်ခံစား ဘာသာပြန်သည်။

ဆက်လက်ဖတ်ရှူရန်...

ရည်းစားစာ

ချစ်သူ....

အကြောင်းညီညွတ်လို. ဘောင်းဘီ ချွတ်ပြီး စာရေးလိုက်ပါတယ်
အခု ကိုယ်ပို.လိုက်တဲ. စာကလေး ကိုရရင် အမွေးနူတ်ပြီး ကြော
်စားလိုက်ပါနော်မင်းကို ကိုယ်ချစ်ချင်ပေမဲ. အုန်းခြစ်ကမရှိဘူး
မင်းနဲ. ကိုယ်ပေါင်းချင်ပေးမဲ. ကောက်ညှင်းဆန်တွေ ဈေးကြီး
တာမင်း အသိပါမင်းကို ကိုယ်နှစ်သက်ပေမဲ. မင်းက ရေငုတ်ကျွမ်းတော.
ဘာမှ မဖြစ်ဘူးပေါ.
အချစ်ရယ်....
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်း ခဲ.တဲ. အ၀တ်တွေ ခုဆ
ိုခြောက်လောက်ရောပေါ.မင်းအချစ်ကိုသာမရရင် ကိုယ်လေ
မထူးတော.တဲ. ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော
.မယ်ကွာကိုယ်ဒီ လို အရဲစွန်.ပြီး စာရေး တာကို စိတ်မဆိုးပါနဲ.နော်
ငပိစားပြီး အသိတရား မရှိဘူးလို. တော. မပြောလိုက်ပါနဲ.ကွာ
ဂေါ်ဖီ တွေစားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး
ရုပ်တည်နဲ. မုန်.တီထိုင်သောက်နေတယ် လဲ မထင်လိုက်ပါနဲ.
အရှက်မရှိ သရက်စေ.လဲ မဟုတ်ဘူးနော်ကိုယ်ဟာ
ရုပ်ကလာပ် က စုတ်ပြတ်
ရူပါက ချူချာ
သောက်ရုပ်က မျောက်ကုတ်
ပုံစံက ဒုံးပျံ နေပေမဲ.
အသည်းနှလုံးကတော. သိတ်ချစ်တတ်ပါတယ်
ကိုယ်ရဲ.စာ ကို မင်းမိဘ တွေ တွေ.လို. တော်တော်ဆူနေလား ?
ဆူရင် မီးဖို ပေါ်ကချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်
မင်း ဆီ က ပြန်လာမဲ. စာကလေးတွေကို
ကိုယ် လေသေနတ်နဲ. အသင်.ဆောင်.နေမယ် အဲ.လေ မှားလို.
အသင်.စောင်. နေမယ်။ချစ်တဲ. တိုတို



ဆက်လက်ဖတ်ရှူရန်...

ဇာတ်လိုက်ကြီး အာဘန်း

တစ်ခါက..အပြေးပြိုင်ပွဲတစ်ခုကို...စပ်စုသော..အားဘန်း
တစ်ယေက်သွားကြည့်လေသည်ထို့နောက်အာဘန်းသည်..
သူ၏ဘေးမှလူအားမေးလိုက်သည်..
အာဘန်း ~"ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း
" ဘေးကလူ ~"ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက
အဲဒီဆုဖလားကို ရမှာပေါ့" အာဘန်း ~
"နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ
တခြားလူတွေက ဘာလို့များပြေးနေကြတာလည်းသိဝူး"





ဆက်လက်ဖတ်ရှူရန်...

သာအေးတို့လင်မယား

တစ်ခါကရွာတစ်ရွာတွင်..အလွန်မျက်နှာပြောင်သော..သာအေး
တို့လင်မယားနေထိုင်လေသည်..တစ်နေ့တွင်..သာအေး...က
သူ့မိန်းမအား က်ျသို့နောက်ပြောင်လိုက်သည်..
သာအေး ~ "ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား
မိန်းမ" သာအေးရဲ့ဇနီး ~"မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ
သွားနေတော့မှာပေါ့။ ဒါနဲ့ ကျွန်မသေရင်ရော
ရှင်နောက် အိမ်ထောင်ပြုမှာလား" သာအေး ~
"ငါလည်း မပြုပါဘူးကွာ။ ငါလည်း
မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့"





ဆက်လက်ဖတ်ရှူရန်...

နေ၀န်းတို့ဘောလုံးပွဲကြိုက်ပုံ

တစ်ခါက ဘောလုံးပွဲဝါသနာပါသော ကိုနေ၀န်းနေထိုင်သော
နေအိမ်သို့ ..ဆရာဝန်တစ်ဦးအလည်လာသည်..ကိုနေ၀န်းက
လည်း..ဆရာဝန်လာတုန်း..သူခံစားနေရသောရောဂါကိုဆရာ
ဝန်အားပြောပြလေသည် နေ၀န်း ~ "ဆရာရယ် ကျွန်တော်လေ
ညတိုင်း ဘောလုံးကစားနေတယ်လို့
အိပ်မက်မက်နေတယ်ဆရာ..ကျွန်တော်အိပ်ရေးမ၀ဘူးဆရာ
" ဆရာဝန် ~ "ဒီဆေးလေးသာသောက်လိုက်ပါ။ ခင်ဗျား
ခံစားနေရတဲ့ရောဂါဝေဒနာတွေ..အဆင်ပြေသွားလိမ့်မယ်
" နေ၀န်း ~ "မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက
ဖိုင်နယ်ပွဲမို့ပါ"




ဆက်လက်ဖတ်ရှူရန်...