Wednesday, December 30, 2009

MP4 Player & K_lite code


Converter မျိုးစုံးက Convert လုပ်ထားတဲ့ မည်သည့်MP4 Format
မဆိုဖွင့်လို့ရပါတယ်..Format မျိုးစုံကို Support လုပ်ရန်အတွက်လည်း
K-lite code ကိုပါတစ်ပါတည်းထည့်သွင်းပေးထားပါတယ်..
ဒေါင်းကြည့်လိုက်ပါဦး

ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

KM Player 1435


ကျွန်တော်အရမ်းကြိုက်တဲ့ Player လေးပါ Format မျိုးစုံဖွင့်
လို့ရပါတယ်..ပေါ့လည်းပေါ့ပါးတယ်.ဆိုဒ်လည်းသိပ်မကြီးပါဘူး
အရင်ကတော့ version 1432 သုံးနေပါတယ်..အခုထပ်ပြီး
version 1435 ရလိုတင်ပေးလိုက်ပါတယ်..
ဒေါင်းလိုက်ပါဦး

ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

TuneUp 2010 Full Version ပါ


အားလုံးပဲကြိုက်ကြမယ်ထင်ပါတယ်..အရမ်းကောင်းတဲ့
Speed Up Software တစ်ခုပါ..Full Version ပါ
အောက်မှာဒေါင်းလိုက်ကြပါဦး..



ဆက်လက်ဖတ်ရှူရန်...

WIN WAR 3.90


ကဲ Extract လုပ်တဲ့အခါမှာ Error များဖြစ်သွားတဲ့ရန်မှ
ကင်းဝေးစေရန်...winwar3.90ယုံကြည်စိတ်ချစွာနဲ့
အသုံးပြုနိုင်ပါတယ်..ဒေါင်းလိုက်ပါဦး

ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

့ Ccleaner Latest Version လေးပါ


ဒါကတော့Ccleaner Latest Version လေးပါ
အောက်တွင်ဒေါင်းနိုင်ပါတယ်..

Portable လိုချင်သူများအတွက်
ဒီမှာ

ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

Monday, October 26, 2009

Understanding PC Hardware


Computer Hardware အကြောင်းကိုအသေးစိတ်သိလိုသူများ
အတွက်..မျိုးသူရ..ထုတ်ဝေသော Understanding PC Hardware
စာအုပ်လေးပါ..အသုံးဝင်မယ်ထင်ပါတယ်..မရှိသေးသူများအတွက်
အောက်တွင်ဒေါင်းယူလိုက်ပါဦး..



ဆက်လက်ဖတ်ရှူရန်...

Microsoft Windows XP Registry Guide


ဒါလေးကတော့ကွန်ပျူတာပြုပြင်တဲ့ညီအစ်ကိုတွေအတွက်
Windows Registry Guide စာအုပ်လေးပါ..လိုအပ်ရင်တော့
အောက်မှာဒေါင်းယူလိုက်နော်...



ဆက်လက်ဖတ်ရှူရန်...

English For Computer Users


ဒီတစ်ခါတော့ကွန်ပျူတာအသုံးပြုသူများအတွက်သင့်တော်သော
စာအုပ်လေးပါကွန်ပျူတာတွင်သုံးနှုန်းသောEnglish စာဝေါဟာရ
များကိုအလွယ်တကူလေ့လာနိုင်စေရန်ရည်ရွယ်ပြီးတင်ပေးလိုက်
ရပါသည်..ကျွန်တော့်ဆိုဒ်လေးကိုနေ့စဉ်ရောက်လာကြသော
ညီအစ်ကိုမောင်နှမများကို..အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်
ကိုယ်ရေးကိုယ်တာကိစ္စများကြောင့်ပိုစ့်များထပ်မံမတင်နိုင်ခြင်း
ကြောင့်သည်းခံပြီးစောင့်စားပေးကြလို့ကျေနပ်ဝမ်းသာမိပါတယ်..
အချိန်ရသလိုပို့စ်များတင်ပေးပါမယ်..ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Wednesday, August 26, 2009

Making-wordpress-blog မြန်မာစာအုပ်


Wordpress ဖြင့် blog တစ်ခုဖန်တီးချင်ကြသောညီအစ်ကိုများအတွက်
မြန်မာ Making-wordpress-blog စာအုပ်လေးမျှဝေပေးလိုက်တယ်.
ဒေါင်းလိုက်ကြပါဦး..မပြောလည်းဒေါင်းကြမှာပါလေ..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

A+ အကြောင်းသိကောင်းစရာမြန်မာစာအုပ်


ကွန်ပျူတာပြုပြင်ခြင်းအတတ်ပညာကိုလေ့လာချင်၊တတ်ချင်သောညီအစ်ကို
များအတွက် ဦးဇော်လင်းဦး ရဲ့A+ အကြောင်းသိကောင်းစရာစာအုပ်ကိုမျှဝေပေးလိုက်ပါသည်
အောက်တွင်ဒေါင်းလုပ်လုပ်ပြီး..လေ့လာသင်ယူလိုက်ကြစို့နော်..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

HTML အကြောင်းအသေးစိတ်မြန်မာစာအုပ်..

HTML ဆိုတာဘာလဲ၊ အသေးစိတ်သိချင်နေသူများ..လေ့လာချင်နေသူများ၊
ကိုယ်တိုင်ရေးချင်နေသူများ၊ အားလုံးအတွက်.မြန်မာဘာသာနှင့်ထုတ်ဝေထား
သောစာအုပ်လေးကို လေ့လာချင်သူညီအစ်ကိုမောင်နှမများအတွက်မျှဝေပေးလိုက်
ပါတယ်..အောက်တွင့်ဒေါင်းလိုက်ကြနော်..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Nokia Software Updater for any Nokia Phone


ဒါလေးကတော့ Nokia Smart Phone အသုံးပြုသောဘော်ဒါများအတွက်
တင်ပေးလိုက်ပါတယ်..မိမိဖုန်းထဲတွင့် Software version နိမ့်နေလို့
စိတ်ညစ်နေသူများ..ဆိုင်တွင်သွားရောက်မြှင့်စရာမလိုတော့ပဲမိမိအိမ်မှာတင်
အလွယ်တကူ Version Update လုပ်နိုင်ပါတယ်..ခုဆိုရင်ဖုန်းတစ်လုံးကို
Version Update အနည်းဆုံးထိုင်း ဘတ်ငွေ 200 နှင့် 300 ကြားပေးရပါတယ်
ဖုန်းအမျိုးအစားကိုလိုက်ပြီး..Version ကွာခြားသွားပါတယ်..ကျွန်တော်ဆိုရင်
ခု Nokia N-95 သုံးနေပါတယ်..အရင်ကကျွန်တော့ဖုန်းက Software Version
က V 5.0.0.12 , 18.5.2006 ပါခင်ဗျာ..ခုဆိုရင်ကျွန်တော့ဖုန်းကို Update
လုပ်လိုက်တာ..Version V 31.0.017/ 16.12.2008 နောက်ဆုံး Version ရသွားပြီ
သုံးရတာလည်းမြန်ဆန်မှုရှိလာတယ်..Phone Application တွေလည်းအရမ်းစုံသွားတယ်
အရင်ကဆို Maps , တို့ Anti-virus တို့မရှိဘူးခုဆိုရင်စုံသွားတယ် Update
လုပ်လိုက်တာနဲ့တင်အားလုံးပါလာတယ်..ကြိုက်ရင်တော့အောက်မှာဒေါင်းလုပ်လိုက်ပါ
သူ့ကို Install လုပ်မယ်ဆိုရင်တော့ မိမိကွန်ပျူတာထဲမှာ Nokia PC Suite တော့ရှိပြီးသား
သွင်းပြီးသားဖြစ်ရပါမယ်..အောက်တွင်ဒေါင်းလုပ်လုပ်လိုက်ပါ..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Tuesday, August 25, 2009

Nokia Pc Suite For any Nokia Phone


ကွန်ပျူတာနဲက Nokia smart phone များချိတ်ဆက်ပြီးအင်တာနက်အသုံးပြုခြင်း၊
သီချင်း၊ဓါတ်ပုံ၊ဖိုင်များထည့်သွင်းခြင်း၊Mobile Distionary ၊ Go talk Mobile
(chat only)၊ Fring (chat & Talk ) အစရှိသော Applications များမိမိမိုဘိုင်းဖုန်း
ထဲသို့အလွယ်တကူထည့်သွင်းနိုင်ရန် တင်ပေးလိုက်ရပါသည်..
ကဲအောက်တွင်ဒေါင်းလိုက်ကြစို့



ဆက်လက်ဖတ်ရှူရန်...

Computer Desktop ပေါ်မှာရှိတဲ့ Icon အားလုံးကို Lock ချထားမယ်နော်

ဒီနည်းလေးကတော့အပျော်တမ်းစကြနောက်ကြတဲ့နည်းလေးပါပဲရိုးရိုးလေးနဲ့
ပျော်စရာကောင်းပါတယ်..သိပြီးသားသူများအတွက်ကတော့အရမ်းလွယ်သလို
မသိသေးတဲ့သူများအတွက်ကတော့..ပညာတစ်ခုပါပဲ..ပထမဦးစွာမိမိDesktop
ပေါ်မှာ Pointer လေးချပြီးတော့ Keyboard မှ Print Screen ခလုပ်ကိုနှိပ်လိုက်ပါ
ပြီးရင်..Start-->run ကိုနှိပ်ပါ mspaint ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
paint box ပေါ်လာရင် Keyboard မှ Ctrl+v ကိုနှိပ်လိုက်ပါ..ပြီးရင် JPEG ဖိုင်နဲ့
မိမိကြိုက်နှစ်သက်သောနေရာတွင် Save လုပ်လိုက်ပါ..ပြီးသွားရင် paint box
ကိုပိတ်လိုက်ပါ..ပြီးရင် Desktop ပေါ်က Icon အားလုံးကို Select all လုပ်
ကော်ပီလုပ်ပြီး တစ်နေရာတွင်သိမ်းထားလိုက်ပ..ပြီးရင်အားလုံးကိုဖျက်လိုက်ပါ
Recycle bin ကတော့ဖျက်လို့ရမှာမဟုတ်သေးပါဘူး..Desktop ပေါ်မှာ
Recycle bin တစ်ခုတည်းကျန်နေရင် Start-->run ကိုပြန်သွားပါ run box
ထဲတွင် gpedit.msc ရိုက်ထည့်ပြီး Enter ခေါက်ပါ ပြီးရင်
User Configration --> Adminstrative Templates-->Desktop
ဆိုပြီးအဆင့်ဆင့်သွားလိုက်ပါ..ညာဘက်ချမ်းမှာ Remove Recycle bin icon
from desktop ဆိုတာကို Double click နှိပ်ပြီး Enable ကိုအမှတ်ပေးပြီး
OK လုပ်လိုက်ပါ.ပြီးရင်ပြန်ထွက်လိုက်ပါ..Desktop ပေါ်မှာ Recycle bin
icon မရှိတော့ပါဘူး Desktop ပေါ်မှာ Icon အားလုံးမရှိတော့ဘူးဆိုရင်
Mouse နဲ့ Right click နှိပ်ပြီး Properties ကိုဝင်လိုက်ပါ.ပြီးရင် Desktop tab
ကိုသွားလိုက်ပါ Browse ကိုနှိပ်လိုက်ပါ..စောစောကကျွန်တော်တို့ save လုပ်
ထားသော JPEG ပုံလေးကိုယူလိုက်ပါပြီးရင် apply --> ok လုပ်လိုက်ပါ
ဒါဆိုရင်မိတ်ဆွေတို့ Desktop ပေါ်မှာ အ၇င်ကလို Icon လေးတွေအားလုံး
ပြန်ပေါ်နေပါပြီ..သို့ပေမယ့်အဲဒီအိုင်ကွန်လေးတွေက..နှိပ်လို့မရပါဘူး..
သူကရိုးရိုး Background တစ်ခုဖြစ်နေလို့ပါပဲ..ဒီနည်းနဲ့..ပျော်ရွှင်စွာ
နောက်ပြောင်ကြည်စယ်လို့ရပါတယ်..ပျင်းနေမှာစိုးလို့တင်ပေးလိုက်ပါတယ်
ဖိုးတာတေ..




ဆက်လက်ဖတ်ရှူရန်...

Saturday, July 18, 2009

Gtalk ကနေမြန်မာပြည် GSM ဖုန်းကိုမက်ဆစ်ပို့ကြစို့နော်..

ကျွန်တော်ချစ်သောချစ်မြန်ပြည်ကသူငယ်ချင်းများအတွက်
သတင်းကောင်းလေးတစ်ခုပါးလိုက်ပါရစေ...
လုပ်နည်းလေးကတော့အရမ်းလွယ်ပါတယ်.

မြန်မာပြည်ကိုဖုန်းခေါ်ဖို့မတက်နိုင်သူများအတွက်..ဒီနည်း
လမ်းလေးနဲ့မက်ဆစ်ပို့ကြစို့နော်..သိပြီးသူများအတွက်
မရည်ရွယ်ပါဘူးခင်ဗျာကိုယ်သိထားတဲ့သတင်း၊နည်းပညာ
လေးတွေကိုမျှဝေပေးတဲ့သဘောပါ..gtalk ကနေ
မြန်မာနိုင်ငံကို ဖုန်းMessage ပို့ရတာ တော်တော်
အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက
ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။
၁၀မီနစ်လောက်ကြာအောင်တော့ စောင့်ရတယ်။
ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။
အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com
လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online
ရောက်လာပါလိမ့်မယ်။ အောက်က ပုံလေးလို ပို့ကြည့်ပါ။
gtalk message box ထဲမှာ( sms 09+++++++
hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။
ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။
country code တွေ ခံစရာမလိုပါဘူး။ 095217892
ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ
စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့
တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။
နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး
ဒီပို့လေး တင်ဖြစ်သွားတာပါ..မန်ဘာဝင်ချင်သူများ
ဒီမှာ
ဝင်လိုက်နော်..ကျေးဇူးတင်ပါသည်..
သူငယ်ချင်း(anex192@gmail.com)ဆီမှမေးလေးကို
ပြန်မျှဝေပေးလိုက်ပါသည်..
ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

Monday, July 6, 2009

Autorun Virus ကိုကာကွယ်ရန် Autorun Killer Portable


Autorun Virus အကြောင်းကိုတော့ကျွန်တော်ပြီးခဲ့သောပို့စ်မှာ
ရှင်းပြခဲ့ပြီးပါပြီခင်ဗျာ..နားလည်သောသူငယ်ချင်းများအတွက်
အဆင်ပြောချောမွေ့မှာပါ..နားမလည်သောသူငယ်ချင်းများ
အတွက်တော့..Autorun Killerခေါ် CPE17ဆော့ဖ်ဝဲလေးကိုမိမိ
ကွန်ပျူတာရဲ့Drive (c) ထဲမှာကူးပြီး.Double Click နှိပ်ပြီးသွင်း
ပေးလိုက်ပါဒါဆိုရင်Taskbar ပေါ်တွင် Icon အစိမ်းရောင်လေး
ရောက်နေပါပြီUSB Devices အားလုံးမှ Autorun Virus အတွက်
ကိုတော့စိတ်ချသွားရလောက်ပါပြီ..ကဲ.ဒေါင်းလိုက်ကြပါဦး..



ဆက်လက်ဖတ်ရှူရန်...

VOIP နှင့် နိုင်ငံတကာသို့ဖုန်းဖရီးခေါ်ကြစို့


VOIP Discount ဆော့ဖ်ဝဲဖြင့်မန်ဘာဝင်ပြီးနိုင်ငံပေါင်း 24 နိုင်ငံသို့
ဖရီးခေါ်ကြရအောင်..မန်ဘာစစဝင်ဝင်ချင်းfree test call ပေးပါတယ်
ပြီးရင်အကောင့် မိမိအကောင့်ထဲသို့Account Reseller ထံတွင်သော်
လည်းကောင်း..မိမိဘဏ်ကဒ်နဲ့သော်လည်းကောင်း အနည်းဆုံး
Euro 10 ဒေါ်လာဖိုးဖြည့်လိုက်ပါ..မိမိပိုက်ဆံမကုန်ပဲနိုင်ငံ
(24)နိုင်ငံကို(4)လဖရီးဆက်လို့ရပါတယ်..ဖရီးကုန်သွားရင်လည်း
အသက်သာဆုံးဝန်ဆောင်မှုစနစ်ဖြင့်ဆောင်ရွက်ပေးပါသည်..
အသေးစိတ်သိလိုလျှငဒီမှာလေ့လာနိုင်ပါသည်။
ကျွန်တော်ကတော့ထိုင်းကိုဖရီးဆက်လို့ရတဲ့အတွက်အများကြီး
အဆင်ပြေတယ်ဗျို့..ဟီးဟီး..ကောင်မလေးနဲ့စကားပြောလို့
ကောင်းမှကောင်းအကြားကြီးပြော..ကြိုက်သလိုပြောပိုက်ဆံကုန်ဘူး
ဟဲဟဲဒေါင်းလိုက်ကြစို့သူငယ်ချင်း..



ဆက်လက်ဖတ်ရှူရန်...

USB Ports မှ Virus ကာကွယ်ရန်..



MP3/4 Players, USB Memory Sticks, Mobile Phone ,.etc
အစရှိသော External Devices တွေမှအများဆုံးကွန်ပျူတာအတွင်း
သို့ Virus ဝင်ရောက်တာကိုမိတ်ဆွေသူငယ်ချင်းများမကြုံတွေဘူး
သူရှိမယ်မထင်ပါဘူး..ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ဘူးပါတယ်
Virus အားလုံးကိုမဆိုလိုပေမယ့်..အများစုကတော့သူနဲ့တင်ပြီးပါတယ်
တစ်ကိုယ်ရေသုံးကွန်ပျူတာရောဆိုက်ဘာကဖေးများအတွက်ပါ
မရှိမဖြစ်လိုအပ်သည့်ဆော့ဖ်ဝဲတစ်ခုလို့ဆိုချင်ပါတယ်..
ကျွန်တော်လည်းလက်ရှိအသုံးပြုနေပါတယ်ခင်ဗျာ..
အောက်တွင်ဒေါင်းလိုက်ကြစို့နော်..ဒေါင်းသာဒေါင်းကြဗျာ.
အားမနာနဲ့နော်..ဟီးဟီးအလကားရတာပဲဟာ..



ဆက်လက်ဖတ်ရှူရန်...

Gmail မှ Webcam ဖြင့် ဗွီဒီယိုချက်ကြစို့


Firefox Browser တွင် ဂျီမေးမှ ကင်မရဖြင့်ချက်သောစနစ်ကိုယခုအခါတွင်
ကျယ်စွာအသုံးပြုနေကြပါပြီ..မသိသေးသူများအတွက်အောက်တွင်
ဒေါင်းလုပ်
လုပ်ပြီးသွင်းယူနိုင်ပါသည်..သူ့ကိုသွင်းရန်အတွက် အင်တာနက်ကွန်နက်ရှင်
ရမှသွင်းလို့ရပါသည်..သွင်းပြီးသွားရင် Firefox ကို Restart လုပ်ပေးလိုက်ပါ.
ဒါဆိုရင်ရပါပြီ..မိမိပြောဆိုမည်..သူငယ်ချင်းဘက်တွင်လည်းထိုနည်း
အတိုင်း
ဆောင်ရွက်ထားဖို့လိုအပ်ပါသည်..အားလုံးပြီးသွားရင်တော့စတင်ပြီး
ကင်မရာဖြင့်ချက်လို့ရပါသည်..အောက်တွင်ဒေါင်းယူလိုက်ပါခင်ဗျာ.



ဆက်လက်ဖတ်ရှူရန်...

လူသုံးအများဆုံးနှင့်ရေပန်းအစားဆုံး.. Web Browser


အင်တာနက်အသုံးပြုသူအများကြိုက်နှစ်သက်ကြတဲ့..အင်တာနက်
အသုံးပြု
သူတိုင်းလိုအပ်တဲ့ Web Browser တစ်ခုပါ..ကျွန်တော်
လည်းအရမ်းကိုကြိုက်
နှစ်သက်ပါတယ်. New Version လေးပါ..
လိုအပ်သူများအတွက်အဆင်ပြေ
အောင်..တင်ပေးလိုက်ပါတယ်
ခင်ဗျာ..




ဆက်လက်ဖတ်ရှူရန်...

Monday, June 15, 2009

Internet Download Manager 5.15


အင်တာနက်ဒေါင်းလုပ်မန်နေဂျာပါ..ဖိုင်းမျိုးစုံကိုဒေါင်းလုပ်လုပ်လို့ရပါတယ်..
သူ့ကိုdouble click နှိပ်ပေးလိုက်ရုံပါပဲ..ပြီးရင် Task bar ပေါ်တွင်
Icon အစိမ်းလေးတစ်ခုပေါ်နေပါပြီ..မိမိဒေါင်းလုပ်လုပ်ချင်တဲ့ဆိုဒ်ကိုသွားပါ
ဒေါင်းလုပ်လုပ်ချင်တဲ့ဖိုင်ကိုတစ်ချက်ကလစ်လိုက်တာနဲ့သူကဒေါင်းလုပ်လုပ်
ရန်ပြထားပြီးသားပါ..မိမိsave လုပ်ချင်တဲ့နေရာကိုရွေးလို့ရပါတယ်..
ပြီးရင် Start download ကိုနှိပ်လိုက်ရုံပါပဲ..လွယ်ကူပါတယ်..
မိတ်ဆွေတို့အတွက်အဆင်ပြေမှာပါ..မီးပျက်သွားလည်းအဆင်ပြေပါတယ်
ရောက်တဲ့နေရာကနေပြန်ဒေါင်းလို့ရပါတယ်..ခင်ဗျာ..
လိုချင်သပါ့ဆိုရင်တော့..အောက်တွင်ဒေါင်းလိုက်ပါ..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Portable EM.Total Video Converter




ဖော်မတ်မျိုးစုံပါတဲ့ Total Video Converter လေးပါခင်ဗျာ..
သူငယ်ချင်းတစ်ယောက်ကတင်ပေးပါဆိုတာနဲ့
Install လုပ်စရာမလိုတဲ့ Portable Software လေး
တင်ပေးလိုက်ပါတယ်..လွယ်ကူတယ်.ရှင်းလင်းတယ်
အရည်အသွေးကောင်းတယ်..
ပြောင်းလို့ရနိုင်သောဖော်မတ်များကတော့.
3GP,MP4,FLV,AVI,SWF,WMV,MOV,GIF
JPEG IMAGE,MPEG,TS,ASF,MKV
များဖြစ်ပါသည်..အောက်တွင်းဒေါင်းယူလိုက်ပါ
ကျေးဇူးတင်ပါသည်..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

Sunday, June 14, 2009

All Windows , Run Command , Command Prompt , Microsoft Shortcuts

အားလုံးသောမိတ်ဆွေသူငယ်ချင်းများကိုမင်္ဂလာပါခင်ဗျာ..
ဒီရက်အတောအတွင်း..အလုပ်တွေတအားဘီးစီးနေလို့..
ပို့စ်လေးတွေမတင်ပေးနိုင်တာခွင့်လွှတ်စေချင်ပါတယ်..
ကဲရောဒီမှာသူငယ်ချင်းတို့ကြိုက်နှစ်သက်မယ်လို့ယူဆပါတယ်
ရှိပြီးသူလည်းရှိကြမှာပါ..သိပြီးသူများလည်သိကြမှာပါ..
တတ်သိပညာမနေသာဆိုသလို..ရှာလို့ရသမျှ.
Shortcuts Key လေးတွေအားလုံးမျှဝေပေးလိုက်ပါတယ်..
အချိန်နဲ့တပြေးညီရင်ဘောင်တန်းနေတဲ့ကွန်ပျူတာခေတ်ကြီး
မှာအားလုံးသောကွန်ပျူတာသုံးသူတိုင်းဟာ..သတ်မှတ်ထားသော
အချိန်အတိုင်းတာထက်ပြီးမြောင်စေချင်သောသူများဖြစ်ကြမည်မှာ
သေချာပါသည်..
ဒီလိုမြန်မြန်ဆန်ဆန်နဲ့ပြီးမြောက်ဘို့အတွက်..Mouse ကိုချည်းပဲ
အသုံးချနေလို့မဖြစ်နိုင်ပါ..ကီးဘုတ်ရဲ့အကူအညီအလွန်ပင်လိုအပ်
လာပါသည်..ထိုကြောင့်ကီးဘုတ်မှအလွယ်တကူခိုင်းစေနိုင်သော
Shortcuts များကိုတဆင့်မျှဝေပေးလိုက်ပါသည်..အောက်တွင်
zip ဖိုင်လေးကိုဒေါင်းလိုက်ပါခင်ဗျ..အားလုံးကိုကျေးဇူးတင်ပါတယ်..
ဖိုးတာတေ




ဆက်လက်ဖတ်ရှူရန်...

Sunday, May 3, 2009

Virus ကိုမိမိစက်ထဲကိုမဝင်အောင်ကာကွယ်နည်း..

Virus ဆိုတာနာမည်ကြားရုံမျှနှင့်ပင်..ရွံမုန်းနေကြမည်ဆိုတာ..လူတိုင်းဝန်ခံကြမှာပါ..
ဒီိလိုဒုက္ခပေးတတ်တဲ့ virus ကိုမိမိစက်ထဲကိုအလွယ်တကူမဝင်နိုင်အောင်အလွယ်တကူ
ပိတ်လို့ရပါတယ်..virus တွေဟာများသောအားဖြင့် External Drives များဖြစ်ကြတဲ့
CD Rom , Memory Stick , External Hard Disk , MP3/4 Players , Hand Phone အစရှိတဲ့
External Drives များကနေဝင်လာတာများပါတယ်..virus ရှိသော External Device တစ်ခုခု
ကွန်ပျူတာထဲကိုတပ်လိုက်ပြီဆိုတာနဲ့ များသောအားဖြင့်မိမိစက်ထဲကိုဝင်တာများပါတယ်..
မိမိကွန်ပျူတာမှာ Anti-virus ကလည်းမရှိဘူး USB Disk security လို့ခေါ်တဲ့ USB ကနေထိုးတဲ့
Devices တွေကို virus စစ်ပေးတဲ့ software မှရှိဘူး CPE17 လို Autorun virus သတ်ပေးတဲ့
software မှရှိခဲ့ရင်အဲဒီကွန်ပျူတာကို virus ရှိသော Thumbdrive လို့ခေါ်တဲ့ Memory Stick
လေးပဲထိုးကြည့်ပါ..90 % ကတော့ virus ဝင်မှာသေချာပါတယ်..အဲဒါဘာကြောင့်လည်းဆိုတော့.
virus ကိုစတင်ဖန်တီးတဲ့ programmer တွေက အလိုအလျောက်အလုပ်လုပ်မောင်းနှင်တဲ့.
autorun system ကိုထည့်သွင်းရေးထားကြလို့ပါပဲ..များသောအားဖြင့်တော့အထက်ပါဖော်ပြသော
ဆော့ဖ်ဝဲလေးနှစ်ခုနဲ့..anti-virus ကောင်းကောင်းလေးတစ်ခုဆိုရင်တော့ပြည့်စုံလုံလောက်နေပါပြီ
ဒါပေမယ့်တစ်ချို့virus တွေက CPE 17 လိုမျိုး autorun killer ကိုတောင်မမှုတဲ့ virus တွေအများကြီးပါ..
ဒီလို virus တွေက မိမိ PC မှာ Install လုပ်ထားတဲ့ Guard Applications တွေကို အရင်ဆုံး Killed လုပ်ပြီးမှ
ဝင်တာပါ..အဲဒါကြောင့် CPE 17 တစ်ခုထဲနဲ့လည်းစိတ်မချရသေးပါဘူး..အဲဒါဘာကြောင့်လည်းဆိုတော့
autorun ကြောင့်ပါ..ဒီ autorun ကိုဘယ်လိုကာကွယ်မလဲ..ကျွနုပ်တို့ သုံးနေတဲ့ OS ရဲ့ autorun system
ကိုသွားပိတ်ပစ်ရပါမယ်..ဒါဆိုရင်အနည်းဆုံးတော့ USB ထိုးတာနဲ့ virus မဝင်နိုင်တော့ဘူးပေါ့..
လုပ်နည်းလေးကလွယ်ပါတယ်..
Start-->run -->ကိုသွားပါ..run ဘောက်စ်ကျလာရင် gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ.
ပြီးရင် Computer Configuration အောက်က Administrative Templates -->system ကိုသွားပါ.
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါ..စိတ်ချရအောင်နောက်တစ်ခုထပ်လုပ်ပါ..Computer configuration
အောက်ကခေါင်းစဉ်နောက်တစ်ခုဖြစ်တဲ့ User Configuration ကိုသွားပါ Administrative Templates -->system
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါပြီးရင်ပိတ်လိုက်လို့ရပါပြီခင်ဗျာ..
အမြဲအားပေးနေတဲ့ညီအစ်ကိုသူငယ်ချင်းများကိုပုံမှန်ပို့စ်အသစ်လေးတွေမတင်နိုင်တဲ့အတွက်တောင်းပန်
ပါတယ်..ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ..
ဖိုးတာတေ

ဆက်လက်ဖတ်ရှူရန်...

ကြောက်မက်ဖွယ်ကောင်းသော Virus အသစ်.

အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း (အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment file နဲ့ mail လာပါလိမ့်မယ်။ မေးက ပုံကအရမ်းလှတယ်တဲ့။အဲ့တာကိုဖွင့်လိုက်ရင် Hard disk Drive sector ကိုburn တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။ ၀င်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာကMcAfee company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။ အဲ့တာဆို OK သွားပါလိမ့်မယ်။ ဒီပို့စ်လေးကိုကိုယ့်သူငယ်ချင်းတွေဆီforward လုပ်ပေးပါ ။
ကျွန်တော်လည်းတစ်ခါမှတော့မကြုံဘူးသေးပါ.ကြုံဘူးသောသူငယ်ချင်းမှား၏
ပြောပြချက်ကြောင့်သိရတာပါ..မိတ်ဆွေတို့လည်းကိုယ်တိုင်းကြုံဖူးရင်သိကြမှာပါ..
သူငယ်ချင်းများအားလုံးဗိုင်းရပ်စ်ရန်မှကင်းဝေးကြပါစေ..



ဆက်လက်ဖတ်ရှူရန်...

Swine Fluခေါ်ကြောက်မက်ဖွယ်ဝက်တုတ်ကွေး

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ
(Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။
Swine Flu ဆိုတာ ဘာလည်း။
Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus
အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်
ရာရောဂါ ဖြစ်ပါတယ်။
လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့်
ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။
Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။
Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊
လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊
မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊
အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ
့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်
ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu
ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu
ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း
ကူးစက်နိုင်ပါတယ်။
S
e Fluwin ကို ဘယ်လိုကာကွယ်တားဆီးမလည်း။
ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ
မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး
နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက
မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး
အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန်
ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို
ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော
အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။
Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။
မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု
ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့် 
(သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။
မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော
လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ
ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော
စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက
လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ
ရှောင်သင့်ပါတယ်။
ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ
့သင့်ပါသလည်း။
Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို
ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက
လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။
အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း
အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊
ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊
ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။
Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင်
နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊
အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့ 
အမြန်သွားရောက် ပြသသင့်ပါတယ်။
Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့်
ကူးစက်နိုင်ပါသလား။
ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine
flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။
Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။
အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ
ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu
ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။
Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။
ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း
(အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ
(၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊
အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။


ပေးပို့သူ သူငယ်ချင်းအား ကျေးဇူးတင် ရှိလျှက်... မြန်မာပြည်သူပြည်သား
များဘေးအန္တရာယ်ကင်းဝေးကြပါစေ။



ဆက်လက်ဖတ်ရှူရန်...

Thursday, March 19, 2009

Gtalk Skin လှလှလေးနဲ့ချက်မယ်နော်..



ဒါလေးကတော့Gtalk Skin လှလှလေးပါ..ဂျီတော့ကိုပုံစံလှလှလေး
တွေနဲ့ချက်ချင်သူတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်..
မိမိကွန်ပျူတာမှာဂျီတော့ ဆော့ဖ်ဝဲကိုတင်ထားစရာတောင်မလိုပါဘူး
ဒီအိုင်ကွန်လေးကိုDesktop ပေါ်တင်ပြီးတန်းဖွင့်လိုက်ရုံပါပဲခင်ဗျား
ဒါပေမယ့်သူ့ရဲ့အားနည်းချက်ကတော့..ဂျီတော့ကိုClone လုပ်လို့
မရပါဘူးခင်ဗျာ.တစ်ခုတည်းနဲ့ပဲချက်ရမှာပါ..ဒါပေမယ့်မိတ်ဆွေတို့
ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်.အခြားတစ်ယောက်နဲ့ချက်နေ
စဉ်မှာကျွန်တော်တို့သုံးနေတဲ့ဂျီတော့တွေမှာတစ်ဘက်သူကမိမိဆီကို
လက်ကွက်ရိုက်နေရင်.ကီးဘုတ်ပုံစံလေးနဲ့အချက်ပြတာကိုတွေ့ဖူးမှာပါ.
ဒါလေးကတော့အဲဒီိလိုမဟုတ်ပဲ မြန်မာလိုဖော်ပြပေးပါလိမ့်မယ်.




အားလုံးပဲကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်..
အောက်မှာဒေါင်းလိုက်ပါနော်..


ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

Gtalk လိုပဲ Yahoo Messenger ကို Clone လုပ်ကြစို့


Gtalk လိုပဲYahoo Messenger ကိုတစ်ခုထက်ပိုအောက်ဖွင့်
လို့ရနေပါပြီ..သိတဲ့သူများလည်းသိကြမှာပါ..ဒီနည်းလေးကအင်
မတန်မှာအသုံးဝင်မှာပါ..တစ်ချို့ဟာအင်တာနက်မှာYahoo Account
အများကြီးနဲ့တစ်ပြိုင်တည်းချက်ချင်ကြပါတယ်..ဒီလိုတစ်ပြိုင်တည်းဖွင့်
ဖို့အတွက်အခက်အခဲရှိပါလိမ့်မယ်..ကွန်ပျူတာတစ်လုံးကိုတစ်ခုပဲဖွင့်ခွင့်ပေးထား
တာပါ..ဒီလိုဘရောက့်စာလေးတွေအများကြီးဖွင့်ဖို့အတွက်..မိမိကွန်ပျူတာမှ
Registry ကိုဝင်ပြင်ရပါတယ်..မိတ်ဆွေများအလွယ်တစ်ကူသုံးရတာအဆင်
ပြေအောင်လို့..ကျွန်တော်အဆင်သင့်လုပ်ပြီးသားလေးကိုတင်ပေးလိုက်ပါတယ်..
အောက်မှာဒေါင်းလိုက်ပါနော်.



သူ့ကိုဒေါင်းလုပ်လုပ်ပြီး..Extract ဖြည်လိုက်ပါ..zip file
လေးနဲ့လုပ်ထားတာပါ..Extract လုပ်ပြီးသွားရင်folder ကိုဖွင့ိလိုက်
ပါ.photartay ဆိုတဲ့ Registry icon လေးကိုတွေ့ရမှာပါ
အဲဒါလေးကို Double Click နှိပ်ပြီး.Run လိုက်ပါ.ပြီးရင်
Yes ကိုနှိပ်လိုက်ပါ..နောက်တစ်ခါ Ok ကိုထပ်နှိပ်လိုက်ပါ..ဒါဆို
ရင်မိတ်ဆွေတို့ကွန်ပျူတာထဲမှာYahoo Messenger အတွက်
Registry ကိုပြင်ပြီးသားဖြစ်သွားပါပြီ..Yahoo Messenger
ကိုဖွင့်ကြည့်လိုက်ပါ.တစ်ခါပြီးတစ်ခါထပ်ဖွင့်ကြည့်ပါ.မိတ်ဆွေရဲ
Desktop ပေါ်မှာရော Taskbar ပေါ်မှာပါ Yahoo Messenger
လေးတွေအများကြီးဖြစ်နေပါပြီခင်ဗျာ..အားလုံးအဆင်ပြေချောမွေ့ကြပါစေ
ဖိုးတာတေ..


ဆက်လက်ဖတ်ရှူရန်...

ဂျီတော့ကနေဟန်းဖုန်းကိုခေါ်ရအောင်..

Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား
လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို
အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ
အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ
အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့
နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို
အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ
အတွက်တော့ဝမ်းနည်းပါတယ်

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။

1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk
address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို
ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ
talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567
@talkster.gtalk2voip.com or for USA ,
use 12125551212@talkster.gtalk2voip.com
4.
Talkster မှ ပေးပို့တဲ့ confirmation ကို
instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local
Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့
ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို
အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင်
စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို
သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ
အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက
အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့
သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။
ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်,
သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန်
Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို
IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk

1. Google Talk Contact List က
ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို
gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင်
သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့
10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး
သင့်အတွက် ရထားတဲ့ Talkster local phone
number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့
သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင်
တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့
ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number
လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google
Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု
ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions!
လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID
ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို
အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ
ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com
ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။



ဆရာမြတ်မှတဆင့်
ကိုညီနေမင်းမှ
ဖိုးတာတေ

ဆက်လက်ဖတ်ရှူရန်...

ဂျီတော့ Short-cut လေးတွေပါခင်ဗျာ..

ဒီနည်းလေးကတော့ဂျီတော့ကိုမောက်စ်နဲ့မသုံးပဲကီးဘုတ်ကနေသုံး
လို့ရမယ့်shortcut key လေးတွေပါခင်ဗျာ..မသိသူကျော်သွား
သိသူဖော်စားဆိုသလိုပေါ့..သိပြီးသားသူတွေအတွက်တော့မဆန်းပေ
မသိသေးသူများအတွက်တော့.အင်မတန်မှအသုံးဝင်မယ်လို့မျှော်လင့်
ပါတယ်..ဂျီတော့မှသူငယ်ချင်းနဲ့လူတစ်ယောက်နဲ့စကားပြောနေချိန်မှာ
မေးကိုဖွင့်ချင်တယ်ဆိုရင်တော့ကီးဘုတ်မှ Function keyဖြစ်တဲ့ F9
ဆိုတဲ့ကီးလေးကိုနှိပ်လိုက်ပါနော်..ဒါဆိုရင်အီးမေးပို့
လိုအဆင်သင့်တန်းရောက်သွားပါလိမ့်မယ်..ထိုသူနဲ့
ပဲစကားပြောနေရင်းနဲ့သူ့ကိုနားကြပ်ဖြင့်စကားပြောလိုတဲ့အခါ
နောက် Function key ဖြစ်တဲ့ F11ကိုနှိပ်လိုက်ပါခင်ဗျာ..
စကားမပြောချင်တော့ဘူး..ပြန်ပိတ်ချင်တယ်ဆိုရင်တော့..F12 ကို
နှီပ်လိုက်ပါခင်ဗျာ..Call end ဖြစ်သွားပါမယ်..

လောလောဆယ်ချက်နေတဲ့ဘောက်စ်ကိုတခြားသူမမြင်အောင်အမြန်ပိတ်ချင်တယ်
ဆိုရင်တော့..ကီးဘုတ်မှ Esc ဆိုတဲ့ခလုပ်လေးကိုနှီပ်လိုက်ပါ..ချက်ချင်း
ပျောက်သွားပါမယ်ခင်ဗျာ..Alt+Esc ကတော့ချက်နေတဲ့ဘောက်စ်ကို
Taskbar ပေါ်ရောက်အောင် Minimize လုပ်တာပါခင်ဗျာ...
Tab ခလုပ်ကတော့.တစ်ယောက်နဲ့ချက်နေရင်းနဲ့နောက်တစ်ယောက်နဲ့
ချက်ရန်ပြောင်းတဲ့ခလုတ်ဖြစ်ပါတယ်ခင်ဗျာ..သူ့ကိုနောက်တစ်နည်းနဲ့လဲ
သုံးလို့ရပါတယ်ခင်ဗျာ..Ctrl+I ပါခင်ဗျာ.သူလည်းအတူတူပါပဲ..
သူကအပေါ်ကနေအောက်ကိုပြောင်းတာပါခင်ဗျာ..အောက်ကနေအပေါ်ကို
ပြန်တက်ချင်ရင်တော့မိတ်ဆွေတို့သိပြီးသားပါ..Shift+Tab နဲ့ပြန်သွား
လို့ရပါတယ်..နောက်တစ်နည်းကတော့ Ctrl+Tab ပါအဓိပ္ပါယ်အတူတူ
ပါပဲ..တကယ်လို့ဂျီတော့ဟာ Taskbar ပေါ်မှာ Minimize ဖြစ်နေရင်
ပဲဖြစ်ဖြစ် နာရီနားလေးမှာအိုင်ကွန်လေးပုံစံနဲ့ပဲရှိနေရင်တော့.ဂျီတော့ကို
ပြန်ပြီးခေါ်ချင်ရင် Maximize လုပ်ချင်ရင်တော့.Window+Esc ခလုပ်ကို
နှိပ်လိုက်ရုံပါပဲခင်ဗျာ...ပြီးတော့ဂျီတော့ကနေစာရိုက်နေရင်မိမိရိုက်လိုသောစာ
သားကိုပိုထင်ရှားချင်တယ်သိသာစေချင်တယဆိုရင်တောမိမိရိုက်လိုသောစာသားကို
*hi*စတားလေးအတွင်းမှာဝင်အောင်ရီုက်လိုက်ပါ..ဒါဆိုရင်စာသားမမဲသွားပါ
လိမ့်မယ်တစ်ခြားစာသားတွေထက်ပိုပြီးထင်ရှားတာကိုတွေ့ရပါမယ်..
နောက်တစ်နည်းကတော့မိမိစာလုံးပုံစံကိုစောင်းချင်တယ်ဆိုရင်တော့.
_hi_ဆိုပြီးရိုက်ထည့်လိုက်ပါ..ဒါဆိုရင်စာလုံးလေးတွေကစောင်းသွားပါပြီ
စောင်းလဲစောင်းချင်တယ်မည်းလည်းမည်းချင်တယ်ဆိုရင်တော့.*_hi_*
ဒီလိုရိုက်ထည့်လိုက်ပါခင်ဗျာ..အားလုံးအဆင်ပြေကြပါစေ..
ဖိုးတာတေ



ဆက်လက်ဖတ်ရှူရန်...

ဂျီတော့ကိုလေးငါးခုလောက်ဖွင့်ရအောင်...



ဒီနည်းလေးကိုတော့လူတော်တော်များများသိပြီးကြမှာပါခင်ဗျာ..
ပထမတော့တင်ဘို့စိတ်ကူးမရှိပါဘူး...သူငယ်ချင်းတွေတောင်း
ဆိုတာရယ်..တစ်နေရာတည်းမှာနည်းပညာလေးတွေကိုစုပြီးသိသွား
ရအောင်လို့ရည်ရွယ်တာပါ..နည်းလေးကတော့..လွယ်လွယ်လေးပါ..
ဂျီတောအိုင်ကွန်လေးကို Right Click လုပ်ပြီး Properties
ဝင်လိုက်ပါ..ပြီးရင်နောက်ဆုံးကstartmanu ဆိုတဲ့စာသားလေးကို
ဖျက်လိုက်ပြီးအဲဒီနေရာမှာ nomutex လို့ထည့်ပေးပြီးEnterခေါက်လိုက်
ယုံပါပဲခင်ဗျာ..ပုံလေးနဲ့ရှင်းပြပေးထားပါတယ်ခင်ဗျာ..
ဖိုးတာတေ

ဆက်လက်ဖတ်ရှူရန်...

Thursday, February 19, 2009

FIVE WAYS OF SPEED UP YOUR PC

ဒီနည်းလေးကတော့မိမိကွန်ပျူတာကိုsoftwareမသုံးဘဲနဲ့မြန်ဆန်အောင်
လုပ်တဲ့နည်းလေးပါခင်ဗျာ.ကဲဒါဆိုတော့ဟုတ်ပါပြီ..ဘယ်လိုမြန်ဆန်အောင်
ုလုပ်ကြမလဲ.စမ်းကြည့်ရအောင်ဗျာ...
(၁)ပထမဦးစွာ Start-->Run ကိုသွားပါ Run Box ထဲတွင်
prefetch ဆိုပြီးရိုက်ထည့်လိုက်ပါခင်ဗျာ..ပြီးရင် Enter
ခေါက်လိုက်ပါ..ဒီလိုဆိုရင် ဖော်ပြပါခေါင်းစဉ်နဲ့အောက်တွင်
ပေါ်လာတာအားလုံးကို Ctrl+Aကိုတွဲနှိပ်ပြီးSelect All
လုပ်လိုက်ပါ..ပြီးရင်Shift+Delete ကိုတွဲနှိပ်ပြီး.ဖျက်ထုတ်လိုက်ပါ..
(၂)ဒုတိယနည်းကတော့Start-->Run ကိုထပ်သွားပါ..Run Box
မှာ sysdm.cplကိုရိုက်ထည့်ပြီးEnter ခေါက်လိုက်ပါခင်ဗျာ.
ထိုနောက် System Properties ပေါ်လာပါမယ်..
Advanced tabကိုကလစ်ပေးလိုက်ပါPerformance-->Settings
ကိုကလစ်လိုက်ပါ.ပြီးရင်Adjust for best performance ကို
အမှတ်ပေးပြီးApply လုပ်လိုက်ပါ.ထို့နောက်Taskbarဖြူသွားတာကို
တွေ့ရမှာပါ..Taskbar ကိုမူလအတိုင်းပြန်ဖြစ်စေချင်ရင်.Useနာမည်
နှင့်စသောစာတန်းလေးခုကို..အမှတ်ပေးပြီးApplyထပ်လုပ်လိုက်ပါ..
ဒါဆိုရင်တော့မူလအတိုင်းပြန်ရောက်သွားပါပြီ..

(၃)ဒီတစ်နည်းကတော့Start-->Runကိုသွားပါ.Run Boxတွင်Regedit
ဆိုပြီးရိုက်ထည့်ပါ.ပြီးရင်Enterခေါက်လိုက်ပါ.HKEY-CURRENT-USER
ကိုသွားပါ.ပြီးရင်Expandလုပ်ပါDouble clickနှိပ်လိုက်လည်းရပါတယ်
DesktopကိုExpandထပ်လုပ်ထိုနောက်ManuShowDelayဆိုသောစာတန်း
ကိုရှာပါ.Right Click နှိပ်ပြီးModifyလုပ်ပါ.ပြီးရင် Value dataကို 0
ဆိုပြီးပြောင်းထည့်လိုက်ပါ..ပြီးရင်Registry Editor မှထွက်လို့ရပါပြီ.
(၄)နောက်တစ်နည်းကတော့.Start-->Run ကိုသွားပါ.Run Boxထဲတွင်
msconfig ဆိုပြီးရိုက်ထည့်ပြီးEnterခေါက်လိုက်ပါ.
System Configuration Utilityဆိုပြီးပေါ်လာပါမည်..
ပေါ်လာရင်Startupကိုကလစ်နှိပ်လိုက်ပါ.ပြီးရင်Disable All
ကိုကလစ်လိုက်ပါပြီးရင်.Apply-->okနှိပ်ပြီးRestartလုပ်ပါ.
(၅)နောက်ဆုံးနည်းလေးကတော့.Start-->Runကိုသွားပါ.system.ini
ဆိုပြီးရိုက်ထည့်ပါ.ပြီးရင်Enterခေါက်ပါ.ဒါဆိုရင်system notepad
ပေါ်လာပါမယ်.အောက်ကစာကြောင်းလေးတွေကိုထည့်ပြီး saveလုပ်လိုက်ပါ
page buffer=100000kbps load=100000kbps
download=100000kbps save=100000kbps
back=100000kbps

ကဲလုပ်ကြည့်လိုက်နော်မိတ်ဆွေရဲ့ကွန်ပျူတာသိသိသာကြီးမြန်သွားပါမယ်..

အားလုံးကိုကျေးဇူးတင်ပါသည်..ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

Wednesday, February 18, 2009

Software မသုံးဘဲ ဖိုင်ကိုဝှက်ထားနည်းလေးပါ...

မိမိနှစ်သက်ရာHard Drive တစ်လုံးထဲမှာ folder တစ်ခုလုပ်လိုက်ပါ..၄င်းfolder
လေးကိုနာမည်တစ်ခုခုပေးလိုက်ပါ..ဥပမာ..folder name က 111 ဆိုပါတော့ ..
တည်နေရာက Drive (C)မှာဆိုပါတော့ဗျာ..လုပ်ပြီးပြီဆိုရင် အောက်ပါနည်းအတိုင်း..
လုပ်ပါ..Start-->Run --> ကိုသွားပါ..Run ဘောက်ပေါ်လာရင်
အထဲတွင်..Attrib +s +h C:\111လို့ရိုက်ထည့်ပါခင်ဗျာ..ပြီးရင် Enter..
ခေါက်လိုက်ပါ..ဒါဆိုရင်စောစောကမိတ်ဆွေလုပ်ထားတဲ့..111 folder လေးကို
သွားရှာကြည့်ပါ..မတွေ့တော့ပါဘူးခင်ဗျာ..ပြန်ဖေါ်ချင်ရင်တော့..
Start-->Run -->ထဲမှာပဲ Attrib -s -h C:\111 ဆိုပြီးပြန်ရိုက်လိုက်ပါ
စောစာကအတိုင်းပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ..ဒီနည်းအတိုင်းကိုယ့်ရဲ့ဖိုင်များကို
အလွယ်တကူဖျောက်ထားနိုင်ပါတယ်ခင်ဗျာ..
သူငယ်ချင်းရဲ့ ပြည်ကြီးရခိုင်ဘလော့မှပို့စ်လေးကိုတဆင့်ဘာသာပြန်တင်ပြလိုက်
ပါတယ်..ဖိုးတာတေ


ဆက်လက်ဖတ်ရှူရန်...

Tuesday, February 10, 2009

Recycle Bin ကိုဘယ်လို နာမည်ပြောင်းမလဲ....

ဒီတစ်ခါတော့..မိမိကွန်ပျူတာမှ Recycle Bin ခေါ်အမှိုက်ပုံးလေးကိုနာမည်
ပြောင်းနည်းလေးပါ
မိမိကွန်ပျူတာ၏ Desktop Screen ပေါ်မှာရှိတဲ့ Icon
လေးတွေကို နည်ပြောင်းလို့ရပါတယ်..
ဒါပေမယ့် ဒီ Recycle Bin လေးက
ို Windows XP Service Pack 1 နှင့် Service Pack 2

အများစုမှာ အမည်တန်းပြောင်းလို့မရပါဘူးခင်ဗျာ..ဒါပမယ့်တစ်ချို့
Service Pack 2
တွေမှာတော့

တစ်ခါတည်းတန်းပြောင်းလို့ရပါတယ်ခင်ဗျာ..ကျွန်တော်လည်းအဲဒီလို
ပြောင်းလို့ရအောင်အင်မတန်မှသိ

ချင်ခဲ့ပါတယ်ခင်ဗျာ...တစ်နေ့ကျွန်တော်အင်တာနက်ကြည့်နေရင်း..
မီတာကဖေးဝပ်ဆိုဒ်ထဲကိုဝင်ကြည့်ဖြစ်ပါတယ်ခင်ဗျာ.
မိတ်ဆွေသူငယ်ချင်းတို့လည်းဝင်ကြည့်လို့ရပါတယ်

ကံကောင်းချင်တော့ကျွန်တော်သိချင်တာလေးတွေ..တော်တော်ကို
ရခဲ့တယ်..အဲဒါကြောင့်ကျွန်တော်လိုသိချင်သောသူငယ်ချင်းများကို
ရှာမနေရအောင်မျှဝေပေးလိုက်တာပါ..ကျွန်တော်ကွန်ပျူတာ
အကြောင်းကိုအရမ်းရေးချင်ခဲ့ပါတယ်..ဒါပေမယ့်ကျွန်တော်လည်း
ကွန်ပျူတာအကြောင်းနဲ့ပတ်သက်လို့ကျယ်ကျယ်ပြန့်
ပြန့်မသိသေးပါ..ကျွန်တော်လည်းလေ့လာနေတုန်းပါခင်ဗျာ..
ကျွန်တော့်ဒီဆိုဒ်ကလေးကိုလည်းရီစရာလေးတွေနဲ့ပဲမွန်းမံမယ်လို့
စိတ်ကူးရှိခဲ့ပါတယ်..ဒါပေမယ့်ကျွန်တော့်ရဲ့ လက်ဦးဆရာကိုမြတ်ကို
ကျွေးမွေးပြုစုပညာသင်ပေးလာတဲ့ဆရာပါ..သူကကျွန်တော့်ကို .
.ပြောပါတယ် "မင်းအားနေရင်တဲ့ရီစရာတွေချည်းပဲရေးနေတဲ့..
နည်းပညာအကြောင်းလေးပါလေးရေးဦးတဲ့.."
ရီစရာတွေးနေတယ်ဆိုတော့လည်း သူငယ်ချင်းများက ထင်ကြဦးမှာပါ..
ကျွန်တော်တင်ထားတဲ့ဟာသပို့စ်များကိုကျွန်တော်ရေးထားတယ်လို့
ထင်ကြမှာပါ..ဟာသပို့စ်များမှာကျွန်တော်ကိုယ်တိုင်ရေးထားသော
ပို့စ်တစ်ခုမှမရှိပါဘူး..ဒီလိုဆိုရင်ကြွားရာကျမလားသိဘူး..ဟီး
တကယ်ပြောတာပါ..သူငယ်ချင်းများမှပို့ပေးသည်များကို
ပြန်လည်တင်ပြထားခြင်းသာဖြစ်ပါတသည်
ကျွန်တော်ကစာတစ်ကြောင်းတောင်လူအများစိတ်ဝင်စားအောင်.
.ဖြောင့်ဖြောင့်မရေးတတ်ပါဘူး..ဟာသဆိုတော့ဝေလာဝေးပေါ့..
.ဒီပြသနာကလည်းတော်တော်ဆိုးပါတယ်..တလောကကျွန်တော်ကို
မိတ်ဆွေတစ်ယောက်တင်ပြဘူးပါတယ်..သူများပို့စ်တွေကိုတင်ပြရင်
ပေါ့လေမူရင်းပိုင်ရှင်အမည်ကိုတင်ပြသင့်တာပေါ့တဲ့ဟုတ်ပါတယ်..
ကျွန်တော်လည်းဒီလိုပဲလုပ်ပါတယ်..ဒါပေမယ့်ကျွန်တော်တင်ထား
တဲ့ပို့စ်များကို ဘယ်သူဘယ်ဝါရေးထားတယ်ဆိုတာကိုကျွန်တော်မသိပါဘူး..
ကျွန်တော်လည်းကျွန်တော့ဆရာကိုမြတ်ကိုပေးထားသော
ကွန်ပျူတာပြင်ဆင်ခြင်းပညာနဲ့သာတစ်နေ့ထက်တစ်နေ့အချိန်ကုန်သွားတာမို့
စာဖတ်တာကိုဝါသနာပါသော်လည်းစာဖတ်ချိန်မရခဲ့ပါဘူး.
ဒါကြောင့်ဒီလိုဖြစ်သွားရတယ်ထင်ပါတယ်..ဒါပေမယ့်ကျွန်တော့်ကိုပို့
ပေးသောသူငယ်ချင်းများကိုတော့သူတို့ပို့ပေးသောပို့စ
်များကိုတင်ဖို့ခွင့်ယူပြီးသားပါ.ခင်ဗျာ..အင်းကျွန်တော်လည်းရေးဘို့
ကနည်းပညာအကြောင်းလေးပါ..ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ
ပြောနေတာနဲ့တော်တော်ရှည်သွားပြီနော်..တောင်းပန်ပါတယ်..
ပြောတော့စာရေးတာဝါသနာမပါလို့ပဲံဟီး
ကဲဒါဆိုကျွန်တော်ပြောတဲ့ Recycle Bin လေးကိုနာမည်
ပြောင်းလိုက်ကြအောင်နော်..ပထမဦးစွာ..Start-->Run ကိုသွားပါ
Run box ထဲတွင် regedit ဆိုပြီးရိုက်ထည့်ပါခင်ဗျာ
ပြီးရင် Enter ခေါက်လိုက်ပါခင်ဗျာ..ဒါဆိုရင် မိမိကွန်ပျူတာတွင်
Registries
များကိုပြောင်းတဲ့Registry Bar.ပေါ်လာပါမည်.
.နောက်ပြီး..HKEY-CLASSES-ROOT ပေါ်တွင် Double Click
ကလစ်နှစ်ချက်နှိပ်လိုက်ပါခင်ဗျာ..သူအောက်တွင်.CLSID
ဆိုသောစာတန်းလေးကိုရှာလိုက်ပါသူ့ကိုလည်းDouble Click
ထပ်နှိပ်လိုက်ပါ..သူအောက်တွင်
{645FF040-5081-101B-9F08-00AA002F954E}
ဆိုပြီးရှာရှိပါတယ်အဲဒါကိုရှာလိုက်ပါ
သူ့ကိုတွေ့ရင် Double Click နှိပ်လိုက်ပါ Expand လုပ်လိုက်ပါ
.သူအောက်တွင်
Shellfolder ဆိုတာကို ကလစ်တစ်ချက်နှိပ်လိုက်ပါ ညာဘက်တွင်
Attributes ဆိုတာကို Right Click နှိပ်ပြီးmodify
လုပ်လိုက်ပါ.အောက်တွင်Edit Binary Value
ဆိုပြီးဘောက်စ်လေးတစ်ခုပေါ်လာပါမည်.Value Data
အောက်တွင်တန်းဘိုးပြောင်းပေးရုံပါ
မူရင်းတန်ဘိုးက.."0000 40 01 00 20 "
ဖြစ်ပါတယ် "0000 50 01 00 50 "
ကိုအစားထိုးပြောင်းပေးပါ..ပြီးရင်Regidit မှထွက်လို့ရပါပြီခင်ဗျာ..
အကျဉ်းချုပ်ကိုပြောရရင်တော့ .အောက်ပါအတိုင်းဖြစ်ပါတယ်..
Start-->Run-->regedit-->Enter
HKEY-CLASSES-ROOT-->CLSID-->
{645FF040-5081-101B-9F08-00AA002F954E}

-->Shellfolder-->Attributes-->modify-->value data-->
"0000 50 01 00 50" ဖြစ်ပါသည်ခင်ဗျာ..
မိတ်ဆွေသူငယ်ချင်းအပေါင်းပျော်ရွှင်နိုင်ပါစေ..
ဖိုးတာတေ..

ဆက်လက်ဖတ်ရှူရန်...

Command Prompt မှ Time & Date လေးပြောင်းကြည့်ရအောင်နော်..

ဒီနည်းလေးကတော့..Command Prompt မှ အချိန်နဲ့နေ့စွဲပြောင်းနည်းလေးပါ
ပထမဦးစွာ Start -->Run -->တွင် cmd ဆိုပြီးရိုင်ထည့်ပါ..
ပြီးရင် Enter ခေါက်ပါ..Command Prompt လေးသင့်ရဲ့ရှေ့မှာပေါ်လာပါမယ်..
C:\Documents and Settings\Administratorဆိုပြီး..သူ့နောက်မှာ
Cursor လေးမှိတ်တုတ်မှတ်တုတ်ဖြစ်နေပါမည်...အဲဒီနေရာမှာ cd c:\လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါ..အောက်ကပုံစံမျိုးလေးပေါ်လာပါမယ်...
C:\> ဆက်ပြီး time လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ..အောက်တွင်
The current time is:"သင့်ရဲ့မှားနေတဲ့အချိန်"
Enter the new time :"နေရာတွင်ယခုရောက်နေသောအချိန်ကိုထည့်ပေးရမှာ
ဖြစ်ပါတယ်..ဥပမာ..ညနေနှစ်နာရီခွဲဆိုပါစို့-->2:30 pm ဆိုပြီးရိုက်ထည့်..
ပြီးရင် Enter ခေါက်ဒါဆိုရင်သင့်ရဲ့ Taskbar ပေါ်တွင်သင်စောစောကတိုက်ထားသော
အချိန်ရောက်ရှိလို့နေပါပြီခင်ဗျာ..နေ့စွဲကိုလည်းထိုနည်းလည်းကောင်းပဲပြောင်းနိုင်ပါသည်
အချိန်မှာတုန်းကအတိုင်းပထမဦးစွာလုပ်ဆောင်ပါ..ပြီးရင် "Time"နေရာတွင် "Date"
လို့ပြောင်းရိုက်ပါ..အောက်တွင်
The current date is :"သင့်ရဲ့မှားနေသောနေ့စွဲ"
Enter the new date :"သင်ယခုရောက်ရှိနေသောနေ့စွဲ"ကိုထည့်ရမှာဖြစ်ပါတယ်
ပြီးလျှင် .Enter ခေါက်လိုက်ပါ..ဒါဆိုရင်သင့်ရဲ့နေ့စွဲမှန်ကန်စွာရောက်ရှိသွားပါပြီ..
အားလုံးပြီးသွားပြီဆိုရင်..exit -->Enter ဖြင့်Command Prompt မှပြန်ထွက်နိုင်ပါသည်
သိပြီးသားသူများအတွက်တော့မထူးဆန်းပါ..မသိသေးသူများအတွက်တော့အသုံးဝင်မယ်လို့ထင်ပါ
သည်ခင်ဗျာ..အားလုံးကိုကျေးဇူးတင်ပါသည်..

ဖိုးတာတေ..

ဆက်လက်ဖတ်ရှူရန်...

Monday, February 9, 2009

၂၀၀၈ ဒီဇင်ဘာလထုတ်ကွန်ပျူတာဂျာနယ်

အချိန်နှင့်တစ်ပြေးညီတိုးတက်နေသောကွန်ပျူတာခေတ်မှာ..
နည်းပညာအကြောင်းကို...နောက်ကျမကျန်ခဲ့စေရန်အလို့ငှာ..အင်မတန်မှ
အရေးကြီးလှပါတယ်..ထို့ကြောင့်နည်းပညာသစ်များ..ဆော့ဖ်ဝဲသစ်များ..
ကိုတိုက်ရီုက်လမ်းညွှန်မှုပေးတဲ့ကွန်ပျူတာဂျာနယ် (၂၀၀၈ ၊ ဒီဇင်ဘာလထုတ်ကို)
မျှဝေပေးလိုက်ရပါသည်..အောက်တွက်ဒေါင်းလုပ်ရယူပါခင်ဗျာ..



ဆက်လက်ဖတ်ရှူရန်...

Wednesday, February 4, 2009

Valentine Love kiss

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး
နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို
အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင်
အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံဆက်စပ်နေတယ်ဆိုတာကို
ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊
ယဉ်ကျေးမှုဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို
ဖွင့်ဆိုတာ
ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို
ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့
Definitionလေး တစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး
ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ်
ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း
ထိတွေ့ပူးကပ်ပြီးဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။
နောက်ပြီးတော့တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို
အလိုလိုရရှိနိုင်တယ်တဲ့။

အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့
သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။
ဒါ့ကြောင့်သွေးကြောတွေထဲမှာပိတ်ဆို့နေတဲ့အဆီတွေကိုချေဖျက်ပစ်ပြီး
သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့
ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က
လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ
ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး
ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့
ဆံချည်မျှင်သွေးလွှတ်ကြောတွေရဲ့သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။
(၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့
အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင်
ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့
ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း
ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က
ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့
သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး
သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။
ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ
သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ
မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ
သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ
တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး
ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ
ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။
ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက
နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင်
စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင်
ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့
ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။
အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ
တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့
ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။
အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။
နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။




ဆက်လက်ဖတ်ရှူရန်...