Tuesday, February 2, 2010

မိမိကွန်ပျူတာမှာမြန်မာဖောင့်ပေါ်ပြီးစာရိုက်လို့မရရင်







ဒီပို့စ်လေးကတော့သူငယ်ချင်းကိုမျိုးမင်းစိုးအတွက်တင်ပေးလိုက်တာပါ..သူငယ်ချင်းကိုမျိုးမင်းစိုးရေ.ကွန်ပျူတာမှာမြန်မာဖောင့်ပေါ်တာကတော့မိမိစက်ထဲမှာဇော်ဂျီဖောင့်ထည့်ထားတာနဲ့ပေါ်ပါတယ်ယနေ့အင်တာနက်ပေါ်ကဝက်ဆိုဒ်အများစုကဇော်ဂျီဖောင့်ကိုသုံးကြတော့မိမိကွန်ပျူတာတိုင်းမှာဇော်ဂျီဖောင့်ထည့်ထားရင်မြန်မာဖောင့်ကိုမြင်နိုင်ပါပြီ..ဒါပေမယ့်မြန်မာစာရိုက်ဖိုအတွက်ကတော့ မြန်မာကီးဘုတ်လက်ကွက်လိုအပ်ပါတယ်..
အဲဒါကြောင့်အရင်ဆုံးမိမိကွန်ပျူတာမှာမြန်မာကီးဘုတ်ကိုသွင်းထားရပါမယ်မသွင်းရသေးဘူးဆိုရင်တော့ဒီမှာဒေါင်းပြီးသွင်းလိုက်ပါ
ကီဘုတ်ပုံစံပါတစ်ပါတည်းပါပါတယ်.သွင်းပြီးသွားတာနဲ့ကွန်ပျူတာကို Restart လုပ်ပေးလိုက်ပါ.ပြီးရင်မိမိကွန်ပျူတာရဲ့ taskbar ပေါ်မှာကီးဘုတ် Icon လေးပေါ်နေပါလိမ့်မယ်..ဒါဆိုရင် မြန်မာစိုက်ရိုက်လို့ရပါပြီ..လက်ရှိရိုက်နေသော English စာမှမြန်မာစာပြောင်းရိုက်ချင်ရင် မိမိကီးဘုတ်မှ Ctrl+Shift ကိုပူးတွဲနှိပ်ပြီးပြောင်းပေးရပါတယ်ဒါမှမြန်မာစာရိုက်လို့ရမှာဖြစ်ပါတယ်.တကယ်လို့ဇော်ဂျီကီးဘုတ်ဆော့ဖ်ဝဲလည်းသွင်းပြီးသွားတာတောင် taskbar ပေါ်မှာ ကီးဘုတ် icon လေးမပေါ်ဘူးဆိုရင် အရင်ဆုံး run box မှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ..ပြီးရင် startup tab ကိုသွားပါ ctfmon ကိုအမှတ်ဖြုတ်ထားလားမဖြုတ်ထားလားကြည့်ပါ အမှတ်ဖြုတ်ထားရင်လည်းကီးဘုတ် Icon လေးမပေါ်ပါဘူး..အဲဒီမှာလည်းအမှတ်ခြစ်ထားရက်နဲ့မပေါ်ဘူးဆိုရင်တော့ နောက်တစ်ခါ run box ကိုသွားပါ intl.cpl ဆိုပြီးရိုက်ထည့်လိုက်ပါ ပြီးရင် enter ခေါက်လိုက်ပေါ့ ပေါ်လာတဲ့ box မှာ Languages tab ကိုသွားလိုက်ပါ ပြီးရင် အောက်နားလေးက Details ဆိုတာကိုဆက်နှိပ်လိုက်ပါ ပြီးရင်Advance Tab ကိုနှိပ်ပါ အောက်က System configuration manu ရဲ့အောက်က Turn off advanced text services ဆိုတာကိုအမှတ်ပေးထားပါလိမ့်မယ်အမှတ်ဖြုတ်လိုက်ပါပြီးရင် Apply -->OK ပေါ့ဒါဆိုရင် taskbar ပေါ်မှာကီးဘုတ် icon လေးပြန်ပေါ်လာတာတွေ့နေရပါပြီပေါ်မှာလည်းပုံနှင့်တကွရှင်းပြထားပါတယ်ခင်ဗျာ
ဖိုးတာတေ(တတ်သိပညာ၊မနေသာ)